မင်္ဂလာပါ။ ဒီ post လေးမှာတော့ ငလျင်လှုပ်ခြင်းကြောင့် နောက်ဆက်တွဲအဖြစ် လေထုညစ်ညမ်းမှုနဲ့ ရေထုညစ်ညမ်းမှုတို ဖြစ်ပေါ်နိုင်ပုံ၊ ယင်းညစ်ညမ်းမှုတွေ သယ်ဆောင်လာနိုင်တဲ့ ရောဂါများနဲ့ အဆိုပါရောဂါတွေကို မည်သိုကာကွယ်နိုင်ပုံ တိုကို Medical Department က မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ငလျင်နှင့် လေထုညစ်ညမ်းခြင်းတို၏ ဆက်နွယ်မှု
လေထုညစ်ညမ်းခြင်းက အပင်များ၊ တိရစ္ဆာန်များနဲ့လူသားများကို ဆိုးကျိုးများစွာ ပေးတယ်ဆိုတာရယ် စက်ရုံတွေက ထုတ်လွှတ်တဲ့ မီးခိုးတွေ၊ ကားတွေက ထွက်တဲ့ အခိုးအငွေ့တွေ စတာတိုက လေထုညစ်ညမ်းခြင်းကို ဖြစ်စေတယ် ဆိုတာရယ် ကိုတော့ လူတိုင်း သိပြီးသား ဖြစ်လောက်မှာပါ။ ဒါပေမဲ့ ငလျင်၊ မုန်တိုင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်တဲ့အခါ လေထုညစ်ညမ်းခြင်းကို ဖြစ်ပေါ်စေတယ်ဆိုတာကိုတော့ လူသိနည်းကြပါတယ်။
အားပြင်းတဲ့ ငလျင်တွေလှုပ်ပြီးနောက် နေအိမ်၊ တိုက်ခန်းတွေ ပြိုကျပျက်စီးရာကနေ asbestos၊ lead စတဲ့ အဆိပ်သင့်စေတဲ့ သတ္တုတွေထွက်လာနိုင်သလို စက်ရုံတွေ ထိခိုက်ပျက်စီးရာမှ အန္တရာယ်ရှိတဲ့ ဓာတုဓါတ်ငွေ့တွေဟာလည်း လေထဲကို ရောက်ရှိပျံ့နှံသွားကာ လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေပြီး ကျန်းမာရေးကို အထူးထိခိုက်စေပါတယ်။ ထိုအပြင် တိုက်ကြီးများ ပြိုကျတဲ့အခါ ဖုန်မှုန့်များစွာ ထွက်ပေါ်လာပြီး အနားပတ်ဝန်းကျင်မှာ လေထုညစ်ညမ်းလာပါတယ်။ ငလျင်လှုပ်ခြင်းကြောင့်လည်း မထင်မှတ်ဘဲ မီးလောင်ခြင်း ဖြစ်နိုင်ပြီး လေထုကိုညစ်ညမ်းစေပါသေးတယ်။ ဒါကြောင့်မလို ငလျင်လှုပ်ထားတဲ့ ဒေသတွေမှာ လေထုညစ်ညမ်းမှုနှုန်း ပိုမြင့်တက်လေ့ရှိပါတယ်။
လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေး ခုနက ပြောခဲ့သလိုပါပဲ အဆောက်အဦးများ ပြိုကျတဲ့အခါမှာ အဆိပ်ရှိတဲ့ သတ္တုတွေ၊ ဓါတုဓါတ်ငွေ့တွေ ထွက်လာပြီး လူသတ္တဝါအားလုံးရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ လေထုညစ်ညမ်းခြင်းကြောင့် • လည်ချောင်းစပ်တာ • စိတ်ဖိစီးတာ • မျက်လုံးတွေ ကျိန်းစပ်တာ • အရေပြား ယားယံတာ (သို) ခြောက်သွေ့တာ စတာတွေကို ကြုံတွေ့ခံစားရနိုင်ပါတယ်။ အကယ်၍ လေထုညစ်ညမ်းတဲ့ နေရာမှာသာ ကြာရှည်စွာနေရင်တော့ • အဆုတ်ကင်ဆာ • ပန်းနာရင်ကျပ် • လေပြွန်ကျဉ်းရောဂါ • လေပြွန်ရောင်ဝေဒနာ • နှလုံးသွေးကြောဆိုင်ရာရောဂါ စတဲ့ ရောဂါတွေကို ခံစားရနိုင်တဲ့အပြင် အာရုံကြောစနစ်တွေနဲ့ ကိုယ်ခံအားကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အကယ်၍ ဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေထဲက အချိုကို မိမိမှာ ခံစားနေရပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို သွားရောက်၍ ကုသမှုခံယူပါ။ အခမဲ့ဆေးကုသနိုင်မဲ့ နေရာအချိုကိုတော့ ဤ link က တဆင့်ကြည့်ရှူနိုင်ပါတယ်။ https://www.facebook.com/share/p/193vtihjs8/
လေထုညစ်ညမ်းမှုနဲ့ ပတ်သတ်ပြီး ဆောင်ရန်၊ ရှောင်ရန်များ
• ဖုန်မှုန့်များ၊ အန္တရာယ်ရှိသော ဓာတုပစ္စည်းများ၊ အဆိပ်အတောက်များကို ရှူရှိက်မိခြင်းမှ ကာကွယ်ရန် နှာခေါင်းစည်းတပ်ဆင်ပါ
• မီးလောင်စေနိုင်သော ဓာတ်ငွေ့ယိုစိမ့်မှုနှင့် လျှပ်စစ်ပစ္စည်းများ ပျက်စီးမှုများကို စစ်ဆေးပါ
• ပြိုကျသော အဆောက်အအုံက ထွက်လာတဲ့ အကျိုးအပဲ့အပျက်အစီးများကို မီးမရှိပါနှင့်
• ခွဲထုတ်ခြင်း၊ သိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းနည်းလမ်းတွေနှင့် အမှိက်တွေကို စနစ်တကျစီမံခန့်ခွဲပါ
ငလျင်နှင့် ရေထုညစ်ညမ်းမှုတို၏ ဆက်နွယ်မှု
ရေညစ်ညမ်းမှု ဆိုရင်လည်း မြစ်ရေ၊ ပင်လယ်ရေမှာ ပလတ်စတစ်အိတ်တွေ ပေါလောပေါ နေတာကိုပဲ အများစုကမြင်မိကြသလို ရေထဲ အမှိက်တွေ ပစ်လို ရေညစ်ညမ်းရတယ်လိုပဲ အများစုက သိထားကြပါတယ်။ ငလျင်လို သဘာဝဘေးအန္တရာယ်တွေကလည်း ရေညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်တယ်ဆိုတာကိုတော့ သိတဲ့လူ ရှားပါတယ်။
ငလျင်လှုပ်တာကြောင့် ရေဆိုးရေညစ်စနစ်တွေ၊ မိလ္လာစနစ်တွေ ထိခိုက်ပျက်စီးပြီး ရေညစ်တွေဟာ ရောဂါပိုးများနဲ့အတူ ရေအရင်းအမြစ်တွေထဲကို စိမ့်ဝင်ကာ ရေညစ်ညမ်းမှု ဖြစ်ပေါ်စေနိုင်သလို မြေ နဲ့ အဆောက်အအုံတွေ ပြိုကျရာမှ အနီးပတ်ဝန်းကျင်ရှိ ကန်၊ ချောင်း၊ မြစ် စတဲ့ ရေအရင်းအမြစ်တွေထဲကို ဖုန်တွေ၊ သတ္တုတွေ၊ အမှိက်တွေ ရောက်ရှိပြီး ရေညစ်ညမ်းမှု ဖြစ်ပေါ်စေနိုင်ပါတယ်။ ထိုအပြင် စက်မှုဇုံပတ်ဝန်းကျင်က ရေအရင်းမြစ်တွေမှာ ငလျင်ကြောင့် စက်ရုံတွေကထွက်လာတဲ့ ဓါတုပစ္စည်းတွေ ယိုစိမ့်ထွက်နိုင်ပြီး ရေညစ်ညမ်းမှု ဖြစ်နိုင်ပါသေးတယ်။
ရေထုညစ်ညမ်းမှုနှင့် ကျန်းမာရေး
ခုနကပြောခဲ့သလိုပါပဲ ငလျင်လှုပ်ပြီးတဲ့ နေရာဒေသတွေမှာ ရေညစ်ညမ်းမှုဖြစ်နိုင်ပါတယ်။ အကယ်၍ အဲဒီ ညစ်ညမ်းတဲ့ရေကို သောက်သုံးမိရင်တော့
• ဗိုက်အောင့်ခြင်း
• ဝမ်းပျက်ခြင်း
• ဂိုင်ယာဒီယား
• တိုက်ဖွိက်
• ပါရာတိုက်ဖွိက်
• အူရောင်ငန်းဖျားရောဂါ
• ကာလဝမ်းရောဂါ
စတဲ့ ရောဂါတွေကို ခံစားကြုံတွေ့ရနိုင်ပါတယ်။ မိမိသောက်တဲ့ရေမှာ အဆိပ်ရှိတဲ့ ဓာတုပစ္စည်း တစ်မျိုးမျိုး ပါဝင်ရင်တော့
• မျိုးဆက်ပွားကျန်းမာရေးနှင့် ဟော်မုန်းဆိုင်ရာကိစ္စာများ ထိခိုက်ခြင်း
• အာရုံကြောစနစ် ထိခိုက်ခြင်း
• ကျောရိုးအာရုံကြောမကြီး ထိခိုက်စေခြင်း
• ဦးနှောက်ရှိ အောက်ဆီဂျင်ပမာဏ နည်းခြင်း
• သွေးကြောဆိုင်ရာရောဂါဖြစ်ခြင်း
• ကင်ဆာဖြစ်ခြင်း
စတဲ့ ရောဂါတွေကို ကြုံတွေ့ခံစားရနိုင်ပါတယ်။ သတိပြုရမှာကတော့ သောက်သုံးမိတဲ့ ရေထဲပါဝင်တဲ့ ဓါတုပစ္စည်း၊ ရောဂါပိုး ပေါ်မူတည်ပြီး ဖြစ်ပွားနိုင်တဲ့ ရောဂါကွဲပြားမှာ ဖြစ်ပါတယ်။ အကယ်၍ ဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေထဲက အချိုကို မိမိမှာ ခံစားနေရပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို သွားရောက်၍ ကုသမှုခံယူပါ။ အခမဲ့ဆေးကုသနိုင်မဲ့ နေရာအချိုကိုတော့ ဤ link က တဆင့်ကြည့်ရှူနိုင်ပါတယ်။ https://www.facebook.com/share/p/193vtihjs8/
သတိရှိပြုစရာများနှင့် ပြန်လည်အသုံးချခြင်း
• ရေ နှောက်နေလျှင် (သို) အနံ့အသက်မကောင်းလျှင် လုံး၀မသုံးစွဲပါနှင့်
• အမှိက်သရိုက်များ၊ အညစ်အကြေးများကို ရေအရင်းအမြစ်များထဲသို လည်းကောင်း နီးရာ၌ လည်းကောင်း မစွန့်ပစ်ပါနှင့်
• မိလ္လာပိုက်နှင့် ရေပိုက်များ ပျက်စီးနေပါက ပင်မရေဘားကို ချက်ချင်းပိတ်ပြီး ပြုပြင်ပါ
• သောက်ရေသန့်၊ ကျိုချက်ထားတဲ့ရေနဲ့ ပိုးသတ်သန့်စင်ထားတဲ့ရေကိုသာ သောက်သုံးပါ
➣သောက်သုံးဖို သင့်တော်ရန်အတွက် ရေကျိုနည်း
မိမိလိုသလောက် ရေပမာဏကို အိုးအတွင်းဖြည့်၍ မီးဖိုပေါ် ရေပွက်ပွက်ဆူသည်အထိ အပူပေးတင်ထားပါ။ ရေပွက်ပွက်ဆူတာ ၁မိနစ်ကြာလျှင် မီးပိတ်ပြီး သောက်သုံးရန်အတွက် သင့်တော်ပါပြီ။
➣ သောက်သုံးဖို သင့်တော်ရန်အတွက် ပိုးသတ်နည်း
အသုံးပြုမည့် ရေသည် ကြည်လျှင် ၁ ဂါလံ ကို အနံ့မပါသော အိမ်သုံး ကလိုရင်း အရောင်ချွတ်ဆေး (bleach) ၈ စက်ထည့်၍ မိနစ် ၃၀ မျှ သိပ်ထားပြီးမှ သုံးစွဲပါ။ ရေမကြည်သော် ၁ ဂါလံ ကို အနံ့မပါသော ကလိုရင်း အရောင်ချွတ်ဆေး ၁၆ စက် ထည့်ပြီး မိနစ် ၃၀ မျှ သိပ်ထားပြီးမှ သုံးစွဲပါ။
ဒီအပြင် သတိထားစရာက ငလျင်လှုပ်တဲ့ ပတ်ဝန်းကျင်အနီးတစ်ဝိုက်မှာ ပလက်စတစ်အမှိက်တွေ အများကြီးစုပုံလာတာကို တွေ့လာရပြီး ဒီပလက်စတစ်တွေဟာ non-biodegradable ဖြစ်တာမိုလို ဒီအတိုင်း စွန့်ပစ်ရင် မြေကြီးထဲမှာ မပျောက်မပျက်ဘဲ နှစ်ပေါင်းများစွာ ရှိနေမှာပါ။ ပင်လယ်၊ မြစ်၊ ချောင်းတွေမှာ စွန့်ပစ်ရင် ရေနေသတ္တဝါတချိုက ပလက်စတစ်အိတ်တွေကို ရေခူ (jellyfish) အမှတ်နဲ့ စားသုံးပြီး အသက်အန္တရာယ်ထိခိုက်နိုင်သလို၊ ရေထုလည်း ညစ်ညမ်းရပါတယ်။ ပလက်စတစ်တွေကို မီးရှိတဲ့အခါမှာလည်း ရာသီဥတုအပြောင်းအလဲကို ဖြစ်စေတဲ့ carbon dioxideနဲ့ အခြား greenhouse gases တွေအပြင် အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေ ထွက်ပေါ်ပြီး အပေါ်ကပြောခဲ့တဲ့ ရောဂါတွေကို ပေးနိုင်ပါတယ်။
ဒါကြောင့် အဘက်ဘက်ကယိုယွင်းနေတဲ့ ကာလမှာ ဆိုးတာကို ဆိုးသထက်မဆိုးရအောင် ကိုယ်ထိန်းသိမ်းနိုင်တာလေးကို ထိန်းသိမ်းကြဖိုလိုပါတယ်။ ပလက်စတစ်အများစုဟာ ပြန်လည်ဆေးကြောပြီး ပြန်လည်းအသုံးပြု၍ ဖြစ်စေ၊ ပလက်စတစ်ပန်းအိုးလို DIY လေးတွေအဖြစ် ပြန်လည်ဖန်တီးအသုံးပြု၍ ဖြစ်စေ ပြန်အသုံးပြုလို ရပါတယ်။ ကော်ဖီအိတ်တွေ၊ တစ်ခါသုံးပိုက်တွေနဲ့ တခြားပလက်စတစ်ပစ္စည်းတွေကို လူ့အသုံးအဆောင်ပစ္စည်းတွေအဖြစ် ဖန်တီးပြီး ဝင်ငွေရှာလိုလည်း ရတာမို ပလက်စတစ်တွေကို တွေ့ကရာမပစ်ဘဲ တတ်နိုင်သ၍ recycle လုပ်ဖိုကို တိုက်တွန်းလိုက်ရပါတယ်။
ဒီလောက်ဆို သိသင့်သိထိုက်တဲ့ အသိပညာဗဟုသုတတွေကို ရရှိပြီလို မျှော်လင့်ပါတယ်။ The Blossoms Family မှ လူသားအားလုံး သောကမီးငြိမ်းပြီး စိတ်ရောကိုယ်ပါ ကျန်းမာ၊ ချမ်းသာ ကြပါစေလို ဆုတောင်းမေတ္တာ ပိုသပေးပါတယ်။