Nebula

What is Nebula?

The Blossoms
The Blossoms 23 May 2025

မင်္ဂလာပါ Explorer လေးတို့ရေ၊

ပ‌ဟေဠိတွေပြည့်နေတဲ့ သူ့ရဲ့စိတ်ကိုလေ့လာနေမဲ့အစား ကျွန်မတို့ရဲ့ စကြာဝဠာကြီးကိုလေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အဆုံးမှာလဲ လက်ဆောင်လေးပါတာမလို့ သေချာလေးဖတ်ဖို့တော့လိုမယ်နော်။

ဒါဆိုရင်အခုချက်ချင်းပဲ The Blossom ရဲ့ astronomy department နဲ့အတူ စကြာဝဠာထဲ ခရီးနှင်လိုက်ရအောင်။

ကဲ..... ဒီတစ်ခေါက်ဘယ်ကိုများ ခရီးနှင်ကြမလဲနော်၊ ဒီတစ်ခေါက်ကိုတော့ လူ့လောကရဲ့ မာယာဒေဝီမဟုတ်တဲ့ ‌စကြာဝဠာရဲ့ မာယာဒေဝီလေး နက်ဗျူလာ (Nebula)တို့ဆီ ခရီးထွက်ရအောင်။

အစီအစဉ်မကျတဲ့ ခရီးလေးမဖြစ်ရအောင် sub-topic agendaလေးကို အရင်ဖတ်ကြည့်ရအောင်။

ဒီနေ့ရဲ့ content လေးမှာတော့

• နက်ဗျူလာဆိုတာဘာလဲ ⋆˚࿔

• နက်ဗျူလာတို့ရဲ့တည်ဆောက်ပုံ ⋆˚࿔

• နက်ဗျူလာဆိုတဲ့နာမည် ဆင်းသက်လာပုံ ⋆˚࿔

• နက်ဗျူလာအမျိုးအစားများ ⋆˚࿔ နဲ့

• ဆယ်လီနက်ဗျူလာလေးများ ⋆˚࿔

အစရှိတာလေးတွေပါဝင်မှာပဲ ဖြစ်ပါတယ်။

နက်ဗျူလာဆိုတာဘာလဲ ⋆˚࿔

နက်ဗျူလာဆိုတာကတော့ အာကာသထဲကဖုန်မှုန့်တွေရယ်၊ ဟိုက်ထရိုဂျင်ဓာတ်ငွေ့တွေနဲ့ ဖွဲ့စည်းထားတဲ့ အရောင်လှလှလေးတွေရှိတဲ့ တိမ်တိုက်ကြီးပဲ ဖြစ်ပါတယ်၊ ဒီ့အပြင်နက်ဗျူလာလေးတို့ဟာလည်း ကြယ်တွေမွေးဖွားရာနေရာလေးတွေလဲ ဖြစ်နေပါသေးတယ်။

ဟော အရေးကြီးတဲ့တစ်ချက်မေ့တော့မလို့၊ တစ်ချိန်က နက်‌ဗျူလာတို့ဟာလဲ Galaxies လို့ အထင်မှားခြင်းခံခဲ့ရပါသေးတယ်။

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

နက်ဗျူလာတို့ရဲ့တည်ဆောက်ပုံ ⋆˚࿔

နက်ဗျူလာလေးတို့ကို ဟိုက်ဒရိုဂျင် 90%, ဟီလီယမ် 10% အပြင်ကာဗွန်၊ နိုက်ထရိုဂျင်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လ်စီယမ်၊ သံ တို့လဲ 0.1%တို့နဲ့ဖွဲ့စည်းတည်‌ေဆာက်ထားပါတယ်။

Ironဓာတ်ဆောင်တဲ့ အမှုန်လေးတွေကလဲ Shiny appearance ကိုပေးပါသေးတယ်

နက်ဗျူလာဆိုတဲ့နာမည် ဆင်းသက်လာပုံ ⋆˚࿔

Nebula ဆိုတဲ့ စကားလုံးဟာ Latin ဘာသာနဲ့ဆို တိမ်တိုက် ( cloud ) လို့အဓိပ္ပာယ်ရပါတယ်။ Nebula ဆိုတာဟာ ပျော်ဝင်နေတဲ့ နက္ခတ္တဗေဒဆိုင်ရာပစ္စည်းများ (diffused astronomical object) လို့အဓိပ္ပာယ်ရပြီး Galaxy နဲ့ အဓိပ္ပာယ်ဆင်တူနေတာကြောင့် တစ်ချိန်ကလွဲမှားစွာ အသုံးပြုခံခဲ့ရပါတယ်။ ဘယ်လိုမျိုးလဲဆို သူကကိုယ့်အပေါ်ထားတဲ့အချစ်က ၅၂၈မေတ္တာနဲ့ချစ်ခြင်းဖြစ်နေတာကို ကိုယ်က ၁၅၀၀အချစ်နဲ့ချစ်ခြင်းလို့ အထင်မှားခဲ့တာမျိုးပေါ့ Explorerလေးတို့ရယ်။

ဥပမာ Andromeda Galaxy ဟာ Andromeda Nebula လို့ အခေါ်ခံခဲ့ရပါတယ်။

နက်ဗျူလာအမျိုးအစားများ ⋆˚࿔

နက်ဗျူလာလေးတွေဟာ အဓိကအားဖြင့် အမျိုးအစား၅မျိုး ရှိပါတယ်။

၁။ ဓာတ်ငွေ့ထုတ်လွှတ်မှု နက်ဗျူလာများ ( emission nebulae )

၂။ ရောင်ပြန်နက်ဗျူလာများ ( reflection nebulae )

၃။ မှောင်မိုက် နက်ဗျူလာများ ( dark nebulae )

၄။ ဂြိုလ်ယောင် နက်ဗျူလာများရယ်၊ ( planetary nebulae )

၅။ ကြယ်ပေါက်ကွဲ မှုအကြွင်းအကျန်များ ( supernova remnants ) တို့ပဲဖြစ်ပါတယ်။

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

Emission nebulae ⋆˙⟡

ဓာတ်ငွေ့ထုတ်လွှတ်မှု နက်ဗျူလာတွေကတော့ အလွန်ကို ပူပြင်းတဲ့ အပူချိန်ရှိပြီး၊ ကြယ်တစ်လုံးက တိမ်တိုက်ထဲမှာ ရှိတဲ့ atoms တွေကို ခရမ်းလွန်ရောင်ခြည် ( ultraviolet radiation )ဖြင့်စွမ်းအင်ပေးပါတယ်။

အဲ့atoms တွေက စွမ်းအင်နိမ့်တဲအခြေအနေ ရောက်တဲ့ အခါမှာ ရောင်ခြည်တွေကိုထုတ်လွှတ်ပါတော့တယ်။ ဒီနည်းနဲ့ Emission nebula တွေဟာ တောက်ပနေတာပဲဖြစ်ပါတယ်။

ထင်ရှားတဲ့ emission nebula တစ်ခုကတော့ Orion Nebula ပဲဖြစ်ပါတယ်။

_ _ _ _ _ _ _ _ _ _ _

Reflection nebulae ⋆˙⟡

ရောင်ပြန်နက်ဗြူလာတွေကတော့ ကိုယ်ပိုင်အလင်းမထုတ်လွှတ်နိုင်ကြပါဘူး။ ဒီနက်ဗျုလာ‌ေလးတွေကတော့ .ဘေးပတ်ဝန်းကျင်က ကြယ်တွေရဲ့ အလင်းကို ရောင်ပြန်ဟပ်ပြီးတောက်ပကြပါတယ်။

ထင်ရှားတဲ့ reflection nebula တစ်ခုကတော့ Trifid Nebula ပဲဖြစ်ပါတယ်။

_ _ _ _ _ _ _ _ _ _ _

Dark nebulae ⋆˙⟡

Dark nebulaတွေကတော့ dark ဆိုတဲ့ အတိုင်း သူတို့ကအလင်းမထုတ်လွှတ်နိုင်ကြပါဘူး။ သူမှာပါတဲ့ ဓာတ်ငွေ့တွေဟာ အလင်းရောင်ထုတ်တဲ့ အရာ‌ေတွကိုပိတ်ဆို့ထားပါတယ်။

ထင်ရှားတဲ့ dark nebula တစ်ခုကတော့ Horsehead Nebula ပဲဖြစ်ပါတယ်။

ဒါပေမဲ့ ပတ္တမြားမှန်ရင်နွံမနစ်ဆိုတဲ့ အတိုင်း Dark nebula တစ်ခုဖြစ်တဲ့ Horsehead Nebulaဟာ အလှဆုံး nebula တွေထဲမှာ လှလှပပကြီးကို ပါဝင်နေတုန်းပါပဲ။

_ _ _ _ _ _ _ _ _ _ _

Planetary nebulae ⋆˙⟡

ဂြိုလ်ယောင် နက်ဗျူလာတွေကတော့

ကျွန်တော်တို့ရဲ့ မိခင်ကြယ်အရွယ်အစားရှိတဲ့ Average star တွေသေဆုံးတဲ့အခါ ဖြစ်ပေါ်လာတဲ့ result ပဲဖြစ်ပါတယ်။

ထင်ရှားတဲ့ planetary nebula တစ်ခုကတော့ Ring Nebula ပဲဖြစ်ပါတယ်။

_ _ _ _ _ _ _ _ _ _ _

Supernova remnants ⋆˙⟡

ဒီအမျိုးအစား‌ေလးက‌ေတာ့ နေထက်ဒြပ်ထု အဆပေါင်းများစွားကြီးတဲ့ကြယ်ကြီးတွေ Super nova ဖြစ်စဉ် ဖြစ်ပွားရင်တော့ ဒြပ်ထုသိပ်သည်းတဲ့ neutron star၊ black hole တို့ဖြစ်သွားကြပြီး ကျန်ခဲ့တဲ့ အမှုန် တွေကနေတစ်ဆင့် ဓာတ်ငွေ့ တိမ်တိုက် (Nebula)တစ်မျိုးဖြစ်တဲ့ Supernova remnants တွေဖြစ်သွားပါတော့တယ်။

ထင်ရှားတဲ့  Supernova remnant nebula တစ်ခုကတော့ Crab nebula ပဲဖြစ်ပါတယ်။

ဆယ်လီနက်ဗျူလာလေးများ ⋆˚࿔

ကျွန်မတို့ရဲ့ ပ‌ဟေဠိတွေပြည့်နေတဲ့ စကြာဝဠာကြီးထဲမှာ နက်ဗျူလာတွေဟာ သန်းချီရှိနိုင်ပြီး ကျွန်မတို့ရဲ့ Milky way galaxy မှာတင် အရေအတွက်၂သောင်းဝန်းကျင်ရှိနိုင်ပြီး ၁၈၀၀ခုဝန်းကျင်သာ လေ့လာပြီးစီးခဲ့ပါသေးတယ်။

Comment section မှာ ပုံလေးတွေနဲ့ အတူတွဲတင်ပေးထားတာမလို့ ဝင်ကြည့်ပေးကြပါအုံးနော်။

• Orion Nebula - brightest nebula

• Tarantula Nebula - biggest nebula

• Helix Nebula - famous according to its appearance which is looking like an eye

• Carina Nebula - famous for it's colour

• Horsehead Nebula - famous for its personality against its type

• Cat's eye nebula & Butterfly Nebula

- famous for appearances and my personal favourites

( actually gifts for explorers who come to read my content )

ကဲ အခုဆိုရင် Explorerလေးတို့လဲ Nebula‌ေလးတို့ အကြောင်းကို တော်တော်နားလည်လောက်ရောပေါ့နော်၊ လက်ဆောင်လေးကိုလဲ သဘောကျမယ်လို့ မျှော်လင့်ပါတယ် အဆုံးထိဖတ်ရှုပေးတဲ့ explorerလေးတို့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတစ်သန်းပင် တင်ရှိပါတယ်ရှင်။

အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ content လေးတွေကို The Blossoms ရဲ့ Astronomy Department က အမြဲတင်ဆက်ပေးမှာမလို့ စောင့်ကြည့်နေဖို့တော့ လိုမယ်နော် ချစ်သည်းတို့။

Resources credit to Wikipedia, and Mr Bhone Sitt Naing

#content_by_Linlatt

#graphic_by_Akari

#research_by_kaungpyaehtet