ဒီနေ့မှာတော့ LGBTQ+ Community အတွက် အရေးကြီးဆုံးလတွေထဲက တစ်လဖြစ်တဲ့ "𝗣𝗿𝗶𝗱𝗲 𝗠𝗼𝗻𝘁𝗵" ဆိုတာ ဘာလဲ၊ ဘာလိုအရေးကြီးလဲဆိုတာကို အတူလေ့လာကြရအောင် 💁♀️✨
LGBTQ+ ဆိုတာကတော့ Lesbian (မိန်းမအချင်းချင်း စိတ်ဝင်စားသူ), Gay (လိင်တူယောက်ျားအချင်းချင်း စိတ်ဝင်စားသူ), Bisexual (လိင်စိတ်နှစ်မျိုး ပါဝင်သူများ), Transgender (လိင်ပြောင်းထားသူများ), Queer (အမျိုးမျိုးရှိသော လိင်/လိင်စိတ်မျိုးစုံ) ကိုဆိုလိုပြီး “+” သင်္ကေတကတော့ အခြားမျိုးစုံသော လိင်နှင့် လိင်စိတ်များလည်း ပါဝင်ကြောင်းရည်ညွှန်းတာပဲ ဖြစ်ပါတယ်။
Pride Month ဆိုတာဘာလဲ? 🌈 - Pride Month ဟာ LGBTQ+ လူ့အဖွဲအစည်းကို လေးစားတန်ဖိုးထားခြင်း၊ သူတိုရဲ့ တရားဝင်အခွင့်အရေးတွေ လူမှုဘဝထဲမှာ တန်းတူဖြစ်ဖို ကြိုးပမ်းမှုတွေကို ဂုဏ်ပြုဖော်ပြတဲ့ လတစ်လဖြစ်ပါတယ်။ - LGBTQ+ တွေအတွက် မျှတတဲ့လူ့အခွင့်အရေးတွေရရှိဖို၊ သူတိုစိတ်ဝင်စားရာနဲ့ မတူညီတဲ့ စိတ်လက္ခဏာတွေကိုလက်ခံပေးဖို၊ ချစ်ခြင်းနဲ့ လေးစားမှုကို တန်ဖိုးထားဖို လူတိုင်းကိုသတိပေးပေးတဲ့အချိန်လည်းဖြစ်ပါတယ် 🤝🌈 ဆိုတော့ ဘယ်တုန်းက စပြီး Pride Month ဖြစ်လာခဲ့တာလဲ ? 🤔
Pride Month ကို နှစ်စဉ် ဇွန်လတစ်လကျင်းပကြပါတယ်။ ၁၉၆၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့တဲ့ Stonewall Riots ကို ဂုဏ်ပြုတဲ့အနေဖြင့် Pride Month စတင်ဖြစ်ပေါ်လာခဲ့တာပါ။ အကြောင်းအရင်းခံကတော့ နယူးယော့ခ်မြို Stonewall Inn အမည်ရှိ LGBTQ+ လူများကြိုက်နှစ်သက်သော ဘားတစ်ခုကို ရဲတပ်ဖွဲက ဝင်ရောက်ဖမ်းဆီးရာကနေ လူထုအကြား ဆန္ဒပြမှုများဖြစ်ပွားလာပြီးအစပြုလာခဲ့တာဘဲဖြစ်ပါတယ်။ အဲ့ဒီအရာကဘဲ LGBTQ+ လွတ်လပ်ရေးလှုပ်ရှားမှုရဲ့ စတင်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်မှာ ပထမဆုံး Pride လှည့်လည်ပွဲကို ကျင်းပခဲ့ပြီး နှစ်စဉ်ကျင်းပမှုတစ်ခုဖြစ်လာခဲ့ပါတယ်။ အမေရိကန်အမျိုးသမီး "Brenda Howard" ဟာ ဆိုရင်လည်း လူအများက “Mother of Pride Month” ဟု တင်စားခေါ်ဆိုကြပြီး ပထမဆုံး Gay Pride March ပွဲကို စီစဉ်ခဲ့သူဖြစ်ပါတယ်။ Pride ဆိုတဲ့ စကားလုံးကိုတော့ "L. Craig Schoonmaker" ကစတင်သုံးစွဲခဲ့ပါတယ်။ Pride ဆိုတဲ့စကားလုံးဟာဆိုရင် "မိမိကိုယ်ကို မိမိဖြစ်သည့်အဖြစ် လက်ခံကာ ဂုဏ်ယူခြင်း" ဆိုတဲ့အဓိပ္ပါယ်ရှိပြီး LGBTQ+ လူတွေအတွက် မိမိကိုယ်ကို အားထားဖို၊ ချစ်ဖို၊ အခက်အခဲမရှိ နေထိုင်နိုင်ဖို ရည်ရွယ်ပါတယ် 🫶✨ 📢
Pride Month မှာ ဘာတွေလုပ်လဲ? Colorful Parades 🎉 Concerts 🎶 Community Marches 🚶♀️🚶 Educational Talks 📚 Equality Campaigns ✊ စတဲ့ အခမ်းအနားတွေကို တက်တက်ကြွကြွလုပ်ဆောင်ကြတာဖြစ်ပြီး လူတိုင်းအတွက် လွတ်လပ်မှုနဲ့ တန်ဖိုးရှိမှုကို အပြည့်အဝခံစားနိုင်အောင် ဖန်တီးမှုတွေပြုလုပ်ကြပါတယ်။ 🌟 Pride Month ကဘာလိုအရေးကြီးလဲ? Pride ဟာ စတင်ခဲ့တဲ့အချိန်ကနေ ယနေ့အထိ… ✔️ Equal marriage law ✔️ Equal blood donation ✔️ Transgender recognition စတာတွေကို လူ့အသိုင်းအဝိုင်းမှာ အသိအမှတ်ပြုမှုရရှိအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်အရာမှအမြဲတမ်း ပြီးဆုံးသွားတာမဟုတ်ပါဘူး။ ယနေ့ခေတ် ပတ်ဝန်းကျင်အချိုတွေမှာ LGBTQ+ ကိုရှုချကြတာတွေ၊ လိင်တူ ချစ်ကြိုက်မှုတွေကို လက်မခံနိုင်ကြသေးတာတွေဟာ အခုထက်ထိတိုင် ရှိနေဆဲပဲဖြစ်ပါတယ်။ ဒါ့ကြောင့် Pride Month ကို ကျင်းပခြင်းဟာ လူတိုင်းအတွက် လေးစားမှု၊ ဖြစ်တည်မှုတိုင်းကို အသိအမှတ်ပြုမှုတိုကို ရရှိစေနိုင်တယ်၊ ချစ်ခြင်းနဲ့ ရိုသေလေးစားမှုတွေ မြှင့်တင်ပေးနိုင်မယ်၊ ကျွန်တော်တိုအားလုံးအတွက် ချစ်ရသူကို ဘယ်လိုပုံစံဖြစ်ဖြစ် ချစ်ခင်စုံမက်နိုင်ခွင့်ရှိလာမယ်၊ ဒါ့အပြင် ကဲ့ရဲ့ရှုချခြင်း မရှိတဲ့ လူ့ဘောင်အသိုင်းအဝိုင်းတစ်ခု ဖြစ်လာစေဖိုပဲဖြစ်ပါတယ်။ ဒါကြောင့် Pride Month ဖြစ်တဲ့ June လဟာ Celebration + Protest + Education + Awareness တိုပေါင်းစပ်ထားတဲ့ အရေးပါဆုံးလတစ်လဖြစ်ပါတယ်။
🌈 So, Let’s celebrate with love, respect & unity 💖💫